Sunday, April 6, 2014

အလွမ်းပြေအနမ်း - Bunny Phyo

တရွေ့ရွေ့ပြောင်းလို့သွားခဲ့ နေ့ရက်တွေ အလွမ်းများက တိုးလို့နှိပ်စက်နေ
တမ်းတခဲ့ မင်းရဲ့အငွေ့အသက်လေး အနားနား အမြဲရှိစေချင် ငါ့ရဲ့ညနဲ့မနက်တွေထဲ
ဘယ်တော့မှတို့နှစ်ယောက်နီးမှာလဲ ဘယ်အချိန်ထိငါစောင့်ရမလဲ
တကယ်ကို တမ်းတမိတယ် မင်းရဲ့အနမ်းတွေလည်း...

ငါတို့ရဲ့အမှတ်တရများစွာလည်း မင်းမေ့မပစ်လိုက်ပါနဲ့
ဘယ်လိုနေရာတွေ ဝေးလို့သွားပါစေ ငါ့ရင်ထဲမှာ မင်းတစ်ယောက်တည်း...

ကြယ်ပွင့်လေးများ လမ်းပြဦး ကောင်မလေးနဲ့နီးနိုင်ဖို့
အနေဝေးလို့ သွေးအေးသွားမှာငါကြောက်လို့
မင်းစိတ်ထဲအမြဲတမ်း ရှိပါစေ ဆုံနိုင်မှယပါ တို့နှစ်ယောက်တစ်နေ့
အခုတော့ ဖုန်းလေးထဲပဲ အလွမ်းပြေအနမ်းတွေပေး...

ငါ့ကိုအမြဲလို သည်းခံနားလည်ပေးသူ ပြဿနာတိုင်းဟာ သူ့ရဲ့အမှားလို့တွေးသူ
အဝေးမှာရောက်နေလည်း စိတ်သာချ ဘေးလူ စကားတွေ နားမယောင်နဲ့ ငါတို့ ဘယ်တော့မှမဝေးဘူး
စွယ်တော်ပင်က အရွက်လေးလို နှစ်လွှာပေါင်းမှတစ်ရွက်တည်းဆို
တစ်နေ့တော့ပေါင်းမယ် ငါတို့နှစ်ယောက်ရဲ့နှလုံးသာနှစ်ခုလည်းတစ်ခုတည်းအဖြစ်သို့ ရောက်နိုင်ဖို့

ငါတို့ရဲ့အမှတ်တရများစွာလည်း မင်းမေ့မပစ်လိုက်ပါနဲ့
ဘယ်လိုနေရာတွေ ဝေးလို့သွားပါစေ ငါ့ရင်ထဲမှာ မင်းတစ်ယောက်တည်း...

(ကြယ်ပွင့်လေးများ လမ်းပြဦး ကောင်မလေးနဲ့နီးနိုင်ဖို့
အနေဝေးလို့ သွေးအေးသွားမှာငါကြောက်လို့
မင်းစိတ်ထဲအမြဲတမ်း ရှိပါစေ ဆုံနိုင်မှယပါ တို့နှစ်ယောက်တစ်နေ့
အခုတော့ ဖုန်းလေးထဲပဲ အလွမ်းပြေအနမ်းတွေပေး...)၃

No comments:

Post a Comment