ကျွန်တော့်တို့လို IT ကိုစိတ်ဝင်စားပြီးလေ့လာနေသောအကိုအမများအတွက် ကျွန်တော်သိခဲ့ရသော
Server အကြောင်းလေးကို ပြန်လည်ဝေမျှချင်ပါတယ်
အမှားပါခဲ့ရင်လည်းခွှင့်လွှတ်ပေးပါ
ကူးယူဖော်ပြတယ်ဆိုပေမဲ့ စာအရေးအသား အနည်းငယ်လောက်အဆင်ပြေအောင်
ပြင်ဆင်ထားပါတယ်
Server အကြောင်းပြောရအောင်
ဆာဗာ၊ဆာဗာနဲ့
ပြောနေလိုက်ကြတာ တော်တော်များများစိတ်ဝင်စားကြမှာ အမှန်ပါပဲ ။ ဥပမာ ၀တ်ဆိုဒ်
တစ်ခုဝင်လို့မရတဲ့အခါ
လူတစ်ယောက်သွားမေးတော့ ‘ အဲ့ဒါဆာဗာဒေါင်းနေတယ်ကွာ
’ လို့ဖြေတယ်လေ
။ နားမလည်တဲ့အချိန်တုန်းက ဆာဗာဒေါင်းတယ်ဆိုတာ
နားထဲကို ကန့်လန့်လိုက်ဝင်လာပါတယ် ။ ကဲ
တည့်ကြရအောင် ။အဲ့ဒီ ဆိုဒ်တစ်ခုဖွင့်မရဘူး
ဆာဗာဒေါင်းတယ်ဆိုတာ Web Server ကိုပြောတာပါ ။
Server မှာတောင် အမျိုးမျိုးကွဲသေးတယ်
။
“ Server ရဲ့အဓိပါယ်
ကွန်ပြူတာကွန်ရက်များအားချိတ်ဆက်ပြီး
သတင်းအချက်အလက်ပို့ပေးခြင်း
သိမ်းဆည်းထားပေးခြင်းတို့ ပြုလုပ်ပေးသူကို Server လို့ခေါ်ပါတယ်
။ အလွယ်ကူဆုံးပြောရရင် အခုနေ
ရုံးအကြီးစားတစ်ခု ကိုသွားရင် သူ့မှာ စာရွက်စာတန်းတွေထိန်းထားတဲ့နေရာတစ်ခုတော့
ရှိမှာပဲလေ ။
ဂိုထောင်တစ်ခုနဲ့ကိုသီးသန့်ထောင်ထား ကြပါတယ် ။ ဆေးရုံတွေမှာဆို ပိုအရေးကြီးပါတယ်
။
အခန်းကြီးတစ်ခုထဲမှာ ၊ဘယ်နေ့က ဘယ်လူနာ ၊ဘယ်ဆေးတိုက် ၊ဘယ်သူဆင်း ဘယ်သူတက်
၊ဆေးရုံအသုံးစရိတ်ဘယ်လောက်
၊ ၀န်းထမ်းအင်အား ဘယ်လောက် အစရှိသဖြင့်
အချက်အလက်အားလုံးကို ဂိုဒေါင်တစ်ခုထဲမှာ သိမ်းထားပါမယ်
။ လိုအပ်တဲ့အခါကျတော့
ဂိုဒေါင်ထဲမှာဖိုင်စာရင်းအတိအကျကို ထုတ်ယူလို့ရအောင်စနစ်တကျ သေသေသပ်သပ်
ထည့်ထားပါတယ်။
အဲ့ဒီ့အချက်အလက်တွေအားလုံးကို ကွန်ပြူတာတစ်ခုထဲမှာပဲထည့်ပြီးယင်းကွန်ပြူတာကနေ
လိုသလိုထုတ်သုံးမယ် ။ နောက်ထပ်ကွန်ပြူတာ တစ်ခုစီရောက်အောင်လည်း ရုံးတွင်း network
နဲ့ပို့ပေးနိုင်မယ်
ဆိုရင်ယင်းကွန်ပြူတာက Server အနေနဲ့အလုပ်လုပ်နေပါပြီ။ ဒီတော့သူ့ကို Database
Server သို့အကြမ်းဖျင်း မှတ်ယူနိုင်ပါတယ် ။
“ Server မှာ OS လိုအပ်ခြင်း
သာမန်ဂိုဒေါင်
တစ်လုံးမှာတောင် Store Keeper ဆိုပြီး သီးသန့်ခန့်ရတယ်လေ။ ဒီတော့Server တန်းဝင်ဖို့
အတွက် Server လုပ်မယ့်ကွန်ပြူတာမှာ Server လုပ်မယ့် ကွန်ပြူတာမှာ Server Operating
System ကို
ထည့်ထားရပါမယ် ။ အချို့ ကျတော့ ဂိုဒေါင်ဝန်မထမ်းထားချင်ဘူး အချက်အလက်ကလည်း
နည်းတော့
အဆင် ပြေသလိုထားတယ် ။ ကွန်ပြူတာမှာလည်း ကိုယ်ထောက်ပံ့ ၊ မျှဝေ ၊ သိမ်းဆည်းပေးရမယ့်
အချက်အလက်က သိပ်မများဘူးဆိုပြီး အချို့ များကလည်း Server Operating System မသုံးပါဘူး
။
သုံးတယ်ဆိုရင် ရွေးစရာက အများကြီးပဲ။ Linux Server OS သုံးမလား ။ Windows လား ။
Mac လား
အစရှိသဖြင့်ပေါ့။ Server OS ဆိုလို့ ဘာများလည်းလို့ အတွေးနက်မသွားပါနဲ့။ သူကဂိုဒေါင်တစ်ခုလို
တာဝန်ထမ်းပေးမယ့် ကွန်ပြူတာကို အကောင်းဆုံး ၀န်တောင်မှုပေးမယ့် OS ပါ။ရိုးရိုး OS
ကမလုပ်နိုင်တာတွေ
လုပ်ပေးမှာလေ။
“ Server အမျိုးအစားများ
Web
Server ၀တ်ဆိုဒ် ၊ ဒေတာ အချက်အလက်များအား သိမ်းဆည်းပေး ၊ စေခိုင်းမှု(command
လက်ခံပေး)
ပြန်လည် အကြောင်းကြားပေးဖို့အလုပ်လုပ်ပါတယ်။ ဥပမာ ကျွန်တော်က
ဝတ်ဆိုဒ်တစ်ခုထောင်လိုက်မယ်
။ ဆိုဒ်တစ်ခု ပရိုဂရမ်နဲ့ဆွဲပြီး အင်တာနက်ပေါ် လွှင့်ပါမယ်။
ဒီလိုလွှင့်ဖို့အတွက် ယင်းအချက်အလက်တွေကို
ဘယ်မှာသိမ်းမှာလည်းဆိုတဲ့မေးခွန်း ရှိလာလိမ်မယ် ။
ဥပမာ စာဖတ်သူတို့ Facebook ပေါ်မှာပုံတွေတင်ကြ
တယ်။ အဲ့ပုံတွေဘယ်ရောက်သွားလဲ ။ Facebook
ကအကိုတွေအမတွေကပဲ အလှဆုံးပုံတွေ ရွေးလို့
ဝိုင်းကြည့် နေကြမယ်လို့ ထင်လို့လား ။
အမှန်တော့ယင်းပို့သမျှပုံတွေကို
Server ( ဂိုဒေါင် ) ထဲထည့်ပါတယ် ။ အချက်အလက်သိမ်းဆည်းပြီး
Hard Disk အကြီးစား လိုပါပဲ
။ Google ဆိုရင် ကမ္ဘာ့ အကြီးဆုံး Data Cenrer တောင်ပိုင်ပါတယ် ။ Web
Server အနေနဲ့
Website ရဲ့အချက်အလက်တွေကိုသိမ်းဆည်းပေး ၊ Command
လက်ခံပေး၊ ပြန်လည်အကြောင်းကြား ပေးအစရှိသဖြင့်
အလုပ်လုပ်ပါတယ် ။ Web Server
အကြောင်းနောက်မှ သတ်သတ် ရှင်းပြပါမယ် ။
Application
Server – Software app များအား အလုပ်လုပ်ရန် ၀န်ဆောင်မှုပေးသော Server Catalog
Server – network ပေါင်းများစွာမှာအချက်အလက်များကိုအလွယ်တကူ ဆီးကူးစေရန် central
search
point အဖြစ်ဝန်ဆောင်မှုပေးသော Server Communication Server -တယ်လီဖုန်းတို့ကဲ့သို့
ဆက်သွယ်ရေးအတွက် အသုံးပြုသော Server Database server - ကွန်ပြူတာ ပရိုဂရမ် နှင့်
ကွန်ပြူတာများအား
သတင်းအချက်အလက်များအားသိမ်းဆည်းပေးသည့် Server Fax server – Fax
ဝန်ဆောင်မှုပေးသော
Server File server - ဖိုင်များအား အပေးအယူ ၊အကူးအပြောင်းပြုလုပ်ပေးသော
Server Game server - ဗီဒီယိုဂိမ်းပရိုဂရမ် နှင့်
User များအားထောက်ပံ့ပေးသည့် Server Home Server
- အိမ်များအတွက် Server Name
server -၀တ်ဆိုဒ် လိပ်စာ DNSများအား
သိမ်းဆည်းဝန်ဆောင်မှုပေးသည့် Server Print
Server (Printer ၀န်ဆောင်မှုအတွက်ဆာဗာ ) ၊ Proxy
Server (မတူညီသော server များချိတ်ဆက်နိုင်ရန်
ကြားခံဆက်သွယ်ပေးသော Server,Sound server
(ရေဒီယိုတို့ကဲ့သို့ multimedia
broadcasting,streaming များအတွက် အလုပ်လုပ်သောဆာဗာ )၊
Stand-alone
Server,Computer Server အစရှိသဖြင့် အမျိုးမျိုးထပ်ကွဲပါတယ် ။ အချို့ကျတော့လည်း
Server တစ်ခုချင်းစီမခွဲပဲ သုံးလေးမျိုးကို Server တစ်လုံးတည်းနဲ့ လုပ်လို့ရအောင် ဖန်တီးပေးပါတယ်
။ နောက်မှ Server တစ်ခုချင်းစီအကြောင်း အသေးစိတ် ရှင်းပြပါ့မယ် ။
“Server မှာဘာတွေပါလဲ
Server မှာပရိုဂရမ်အနေနဲ့
Server OS ပါရမယ်လို့ ပြောပြီးသွားပြီ ။(မပါလည်း ကိစ္စမရှိဘူးနော်) ။
Hardware ပစ္စည်းအနေနဲ့ကတော့
Memory ( အချက်အလက်သိမ်းဆည်းထားမယ့် ပစ္စည်း)
လိုအပ်ပါတယ် ။ Google တို့လို ကုမ္မဏီကြီး ကတော့ Data Center ဟဲဗီးသုံးပြီး သူ့ကို
Run ဖို့အတွက်
သီးသန့် Data Center Server OS တောင် သတ်သတ်သုံးရပါသေးတယ် ။အေးအောင်လည်း
အမြဲလုပ်ပေးရပါတယ် ။ဒါမှ Server မဒေါင်းမှာလေ ၊တစ်မိနစ်ဒေါင်းရင် Google ဆုံးရှုံးမဲ့
ငွေက
ကန်ဒေါ်လာ သန်းထောင်နဲ့ချီမှာပါ ။ သူ့ကိုမှီနေတဲ့ ကုမ္မဏီတွေ နိုင်ငံတိုင်းမှာရှိနေလို့ဖြစ်ပါတယ်
။ ဒီတော့
Server မှာအချက်အလက်သိမ်းဆည်းပေးမဲ့
Hardware၊ Server အလုပ်လုပ်ရန် စီမံခန့်ခွဲပေးမည့်
Software တို့လိုအပ်ပါတယ် ။
“ Server တို့ဘယ်လိုအလုပ်လုပ်လဲ
သာမန်ကွန်ပြူတာပဲလေ။
Mail Server ဆိုပါစို့။ ကျွန်တော်က Gmail တစ်စောင်ရေးလို့ပို့လိုက်ပြီး Gmail
server ထဲရောက်တော့ သူက အဲ့ mail ကိုစစ်ပေးပြီး ဘယ်ကိုပို့ရမယ် ဆိုတာသေသေချာချာကြည့်ပြီး
ပို့ရမယ့်လိပ်စာ ၊နေရာ ၊နိုင်ငံ ၊အင်တာနက်လိုင်းကို စီးကူးပေးလိုက်ပါတယ်
ဒါတွေအားလုံးတစ်မိနစ်အတွင်းမှာ
ဖြစ်သွားတာနော် ။အင်တာနက် လိုင်းမြန်ရင် စက္ကန့်နဲ့တောင်ဖြစ်တယ်။
Game Server ဆိုရင်လည်း
ဘယ်သူတွေ Log in ၀င်ထားလဲ၊ဘယ်သူတွေဘာလုပ်နေလဲ၊သူကတော့
ဘာအချက်အလက်တွေ ပို့လိုက်ပါပြီ
၊ ဟိုဘက်ကိုဘာအချက်အလက် ပြန်ပို့ပေးရမယ်
အစရှိသဖြင့် တော်တော်အလုပ်ရှုပ်ပါတယ် ။ သူ့ရဲ့
Data စီးဆင်း
မှုကလည်းတော်တော်လေးမြန်ဆန်ပါတယ် ။
Facebook ဆိုရင်တော့
Web server ပေါ့ ။ ကျွန်တော်တို့က Log in ၀င်ရင် ဘယ်သူကဘယ် IPနဲ့ဝင်လာပါတယ်
။ဘယ်
folder ကိုပို့ပေးရမယ် ။ ဘာတွေပြန်ပို့ပေးရမယ် အစရှိသဖြင့် အလုပ်ရှုပ်ပါတယ် ။ ၀တ်ဆိုဒ်တစ်ခုအနေနဲ့
လူဘယ်နှစ်ယောက်ကြည့်ပြီးရင် ဒေါင်းတယ်ဆိုတာ Server ကိုရတဲ့ Memory နဲ့ဆိုင်ပါတယ် ။
IP ဘယ်လောက်ပဲ
ဝင်သုံးရမယ်လို့ကန့်သတ်ထားပါတယ် ။ User များရဲ့ဝင်ရောက်ကြည့်ရှု အသုံးပြုမှုအရေအတွက်တစ်ခုရောက်လို့
Memory ကျော်သွားရင် server အလုပ်လုပ်မှုရပ်ပါတယ် ။ ပြီးတော့မိမိ ၀တ်ဆိုဒ်မှာအချက်အလက်တွေတင်တာ
သတ်မှတ်ချက်ထက်ကျော်လွန်သွားရင်လည်းဒေါင်းတတ် ပါတယ် ။ အချက်အလက်ဘယ်လောက်ပဲ ထည့်ဖို့
Server မှာ memory space ဘယ်လောက်ထိ ၀ယ်ထားတယ် ဆိုတာမျိုးပေါ့ ။ Domain Name Server
ဆိုရင်လည်း ဘယ်ဝတ်ဆိုဒ်လိပ်စာ
ဘယ် IP ကတော့ register လုပ်လိုက်ပါပြီ ။ ငါဒီ IP
နဲ့ဆိုဒ်တစ်ခု ရလားလို့ register လုပ်ကြည့်လေ။ ယင်းနာမည်ကို
DNS မှာ register
လုပ်ထားပြီးပြီမို့လို့ နောက်လူတွေ လုပ်ယူလို့မရတော့ပါဘူး ။ ဒါကိုရှင်းရရင်အများကြီးရှိပါသေးတယ်
။ Server ကို
သာမန်ကွန်ပြူတာနဲ့မလုပ်ရခြင်းက အကြောင်း ၂ ချက်ရှိပါတယ် ။ ၁အချက်။ ၂၄နာရီအလုပ်လုပ်ရန်
သာမန်ကွန်ပြူတာများကမသင့်တော်ခြင်းနှင့် ၂အချက်။သတင်းအချက်အလက်မြောက်များစွာ ကို
လုံခြုံစွာသိမ်းဆည်းမပေးနိုင်ခြင်းတို့ကြောင့်ပါ
။ဒါကြောင့် Server ဆိုပြီးသီးသန့်စက်ကြီးတွေ ၊ OS တွေနဲ့ Run
ရပါတယ် ။
“ နိဂုံးချုပ်
ဒီလောက်ဆိုရင်
Server ဆိုတာ ဘာကိုခေါ်တယ်။ဘယ်လို ကွဲတယ်။ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို
အကြမ်းဖျင်းသိပြီလို့
ယုံကြည်ပါတယ်
[ အောင်ခမ်း
( ရိုးရာလေး )
Ref://မြ၀တီ ] မှကူးယူဖော်ပြပါသည်
။
မှတ်ချက် ။ ။ ကျွန်တော်ကူးယူဖော်ပြထားသည်များထဲတွင် Website တစ်ခုသည် အချက်အလက်တွေကို
သတ်မှတ်ထားသည်ထက် ကျော်လွန်ပြီးတင်ပါက ဒေါင်းတတ်သည် ဟုဖော်ပြထားသည်။ထို့ကြောင့်
Blogလောက နည်းပညာလောက များမှ ကျွမ်းကျင်သူအကိုအမများ
ကိုမေးချင်ပါတယ် ။ Blog
Website တွေ မှာရော အဲ့လိုပဲလား ။ အချက်အလက်ဘယ်လောက်ပဲတင်လို့ရတယ်ဆိုတာ
ဘယ်လိုကြည့်ရမလဲ ။ အချက်အလက်တင်နှုန်းကိုတိုးလို့ရလား ။ ရရင်ဘယ်လိုတိုးလဲ ။
အပန်းမကြီးရင်တစ်ချက်လောက်
ဖြေပေးကြပါ ။ Comment Box မှာပြောပေးခဲ့ကြပါ ။ကျေးဇူးတင်ပါတယ်
No comments:
Post a Comment