Sunday, April 6, 2014

ဘုရားပေးတဲ့ချစ်သူ - Doe Doe Feat မှုံကြီး

အရှုံးတွေထဲမှာ လဲကျပျောက်ဆုံးသူ ငါ့ဘေးနား မင်းမရှိချိန်လေးများ ငါ့ရင်ထဲ တောင့်တနေမိသူ
ငါငိုနေချိန်မင်းပျော်နေမလား အဝေးကနင်ကြားရဲ့လား ဘယ်တော့မှပြန်ရမလဲ ဘယ်တော့မှပြန်လာမလဲ
ဘုရားကပေးတဲ့ချစ်သူ


မင်းနဲ့ငါဖြစ်ပျက်ခဲ့တာတွေ အကုန်လုံးကလည်း အရမ်းချစ်လို့ဟုတ် တစ်ချိန်ကျရင်မင်းနဲ့ဝေးမှာကြောက်လို့
အလွမ်းသီချင်းတစ်ပုဒ်လုပ် တိမ်တွေမှိုင်းရင်းအုံ့မိုး စိတ်ဓါတ်တွေပြိုရင်းပျက်ခဲ့ အရုပ်ကြိုး
နှစ်ယောက်အတူတူရေးခဲ့တဲ့ ချစ်မှတ်တမ်းပြန်လှန်ဖတ် ဇာတ်လမ်းအကျဉ်းချူပ်ချူပ် မင်းစိတ်ဆိုးလည်း
မင်းကိုချော့တယ် ငါစိတ်ဆိုးလည်း မင်းကိုချော့တယ် ငါရင်ကျိုးမယ့်အပြစ်တော့မလုပ်နဲ့
အရာအားလုံးထက်ပိုပြီးတော့ချစ်တော့ရှုံးတယ် အားလုံးဝိုင်းမုန်းလည်း ခံနိုင်သေးတယ်ကွာ မင်းတော့မမုန်းနဲ့
ငါ့အတွက်လိုအပ်တဲ့အလင်းက အလိုချင်ခဲ့ဆုံးမင်းရဲ့အပြုံးပဲ အဆုံးသတ်ကျမလှတော့လည်း
ရင်ကွဲမယ့်အဖြစ်တွေဖြစ်ပါစေ မင်းနဲ့တွေ့ရင်ပြောပြချင်တယ်ရင်ထဲကစကား ချစ်တာတွေ မင်းမိဘတွေ
အပြစ်ရှာတွေး မနှစ်မြို့ဖွယ်အဖြစ်ကဝေး ပြေးထွက်သွားမှာဖို့ မလိုအပ်ဘူး မင်းနဲ့ငါ တဖြည်းဖြည်းချစ်လာသ၍
သတိရရင် ခေါင်းထဲမှာ မင်းအကြောင်းကလွဲလို့ တစ်ခြားဘယ်သူ့မှမတွေး မင်းမကြိုက်တဲ့ ရှုပ်တဲ့
ဇာတ်လမ်းတွေနဲ့ ဇယားတစ်ခုမှမရွှေ့သိမ်းဆည်းထားတယ် တယုတယလေး ငါအရမ်းချစ်တဲ့ အရူးမလေး
မင်းကိုငါလိမ်ခဲ့တာရှိရင် ငါ့ကိုပြန်ဘုရားစူးပါစေ

အရှုံးတွေထဲမှာ လဲကျပျောက်ဆုံးသူ ငါ့ဘေးနား မင်းမရှိချိန်လေးများ ငါ့ရင်ထဲ တောင့်တနေမိသူ
ငါငိုနေချိန်မင်းပျော်နေမလား အဝေးကနင်ကြားရဲ့လား ဘယ်တော့မှပြန်ရမလဲ ဘယ်တော့မှပြန်လာမလဲ
ဘုရားကပေးတဲ့ချစ်သူ

အဝေးထွက်သွားလို့မသွားပါနဲ့ ငါထွေးဖက်လို့ထားပါတယ် မှေးစက်လို့ ငါ့ဘ၀ထဲ အတွေးခက်လို့ ဘ၀ဟာမွစာကြဲ
မင်းခံစားချက် အကုန်ပျက်သုဉ်းတဲ့အချိန်ကျမှ ငါ့ကိုမုန်း ဘ၀ဟာမလှပ နင်မရှိတော့ငါ့မှာအရာအားလုံးရှုံး
ဘာလုပရ်မှာလဲ တစ်ညလုံးငါ့မှာလည်း ရင်ခွင်တစ်ခြမ်းပျောက်ဆုံး သူဘ၀ဟာလည်း ထွက်သွား
သူမတားပါသွားမှာပဲ လှည့်မကြည့်သူတစ်ယောက်ရဲ့နောက်ဆုံးစကားဘာလဲ မစားသာထားပါကဲ ရပါတယ်
စိတ်ဓါတ်တွေချိနဲ့ နောက်ဆုံးအကြိမ်တစ်ခေါက်လောက် မင်းပြုံးပြပါကွယ် အဓိက ငါ့ချစ်သူ
မင်းစိတ်ချမ်းသာစေဖို့ပဲ ကျန်တာလည်း အရေးမကြီး ဂရုမစိုက်နိုင် ကိုယ့်ကျန်းမာရေးကိုလည်း
လမ်းမှာတွေ့လို့လည်း တ၀မ်းတသာပြေးကြိုတယ် လွမ်းလားမေးမလို့ကဲ မင်းနှုတ်ခမ်းပါးလေးကိုပဲ
ဘယ်လိုလဲ မငိုနဲ့ ဘာတွေအရေးပိုလဲ ခဏလေးတောင်မခွဲနိုင်ဘူး ဘာနဲ့မှလည်း မလဲနိုင်သူ
ဘာနဲ့မှလည်း မလဲနိုင်သူ ခဏလေးတောင်မခွဲနိုင်ဘူး ကြိုက်သလို
ငါ့အပေါ်အမြဲအနိုင်ယူသူ ဘာနဲ့မှလည်းမလဲနိုင်ဘူး

အရှုံးတွေထဲမှာ လဲကျပျောက်ဆုံးသူ ငါ့ဘေးနား မင်းမရှိချိန်လေးများ ငါ့ရင်ထဲ တောင့်တနေမိသူ
ငါငိုနေချိန်မင်းပျော်နေမလား အဝေးကနင်ကြားရဲ့လား ဘယ်တော့မှပြန်ရမလဲ ဘယ်တော့မှပြန်လာမလဲ
ဘုရားကပေးတဲ့ချစ်သူ

ငါ့အတွက်နင်ဟာ ဘုရားကပေးတာလား နင့်အတွက်ငါဟာ အသုံးမကျခဲ့ပါကွာ
ခဏလောက်တောင်မှ ခွဲမသွားရက်သူပါ ငါ့စိတ်တွေ မင်းရှိမယ့်အရပ်တွေဆီ ပျံသန်းသွား....

အရှုံးတွေထဲမှာ လဲကျပျောက်ဆုံးသူ ငါ့ဘေးနား မင်းမရှိချိန်လေးများ ငါ့ရင်ထဲ တောင့်တနေမိသူ
ငါငိုနေချိန်မင်းပျော်နေမလား အဝေးကနင်ကြားရဲ့လား ဘယ်တော့မှပြန်ရမလဲ ဘယ်တော့မှပြန်လာမလဲ
ဘုရားကပေးတဲ့ချစ်သူ

No comments:

Post a Comment