Sunday, April 6, 2014

လေတံခွန် - SBA Family

လေတံခွန်လိုပဲ လွင့်မျောတိမ်ဆိုင်တွေအလား ပြေးလွှားလို့ပြောင်လက် ဒီလူတွေမထိရက် ပွန်းပဲ့လို့သွားလား
အကြောင်းဆက် ပေါင်းဖက်ဖို့မတွေး ဦးနှောက်ကိုရောင်းလျက် မနေတတ်လည်း ကျေနပ်သလိုဖြေ
ငါ့ရဲ့စိတ်ထဲမှာလည်း အတွင်းကြေ အို သွေးချင်းလည်းမနီး ခံစားချက်က မီးလိုပဲတောက် လေထုထဲမှာမြောက်
ကျောက်စက်နဲ့စား လည်မြိုတောင်ပွန်းပဲ့လို့သွား လောကမြောင်းအလယ် ခံယူချက်ကအဝေး ငါတွေးသာတွေး
ဝမ်းသာကြည်နူးတဲ့အမေးဒီလူတွေမြောက်တက်လို့ ပေါင်းဖက်ဖို့ဝေး အောင်မြင်စွာရှုံးရင် နာဖို့သာတွေး
လုပ်ကွက်တွေအပြည့် သူတော်ချင်းပေါင်းဖက် လှောင်ရက်လို့ ဘောင်ခတ် စိတ်ကူးအပြည့်နဲ့
တောင်တက်လို့ပေါ့ ရှေ့ခန်းတံခါးခေါက် ဘာအတွက်ကြောင့်အာရုံနောက်လည်းပြော လေမှာပျံဝဲ
တိမ်လိုကွယ်ပျောက်လာတော့


(လေတံခွန်လိုပဲလွင့်မျော အတိုင်းမသိဝမ်းသာကြည်နူးတဲ့ပီတိဖြစ်မိ လူလောကကို ဘောင်ခတ်လို့ကြည့်
သူတို့လောက်ကောင်းတဲ့လူ လောကရှာကြည့်/လောကမှာမရှိ)၂

မျောလွင့်ကာလကြာရှည် လူလောကဌာနေ သူ့ကိုထမ်းထားတဲ့ ကမ္ဘာမြေ အကျိုးမရှိ ဆန်ကုန်မြေလေး
လမ်းမထက်မှာပဲထိုင်ငေး မလွမ်းလောက် အာရုံခန်းခြောက်စေတဲ့ မီးတောက် ဒူးထောက်လို့ လက်မြောက်
ရူးလို့ဂေါက် သူကကြောက်စရာပဲပြော ရင်ဘတ်ကိုဖိ နောက်နဲ့လှိမ့်ပေါက်ကာကော ဘ၀ရဲ့အချိုးအကွေ့
နိမ့်မြင့် တက်ကျ မင်းဘော်ဒါအပေါင်းအသင်း အချင်းချင်းတက်ခွ မူးလို့နောက်သွားမယ် ဦးနှောက်တွေ
ပျက်ကျ အိမ်ပြန်တဲ့လမ်းမ် အချိန်တန်တော လှမ်းရ အသိတွေနောက်ကျ အမှတ်သည်းချေနည်း
မှောက်လျားထိုးလဲခဲ့တော့ အောက်သွားတွေကြဲ ဦးနှောက်နဲ့သိ အထာကငြိ လွပ်လပ်မှုရှိ အသိကိုဖွင့်
ပြောလို့သာရှာ Myo Gyi လိုလေမှာဝဲ လွင့်မျောဖို့ရာ

(လေတံခွန်လိုပဲလွင့်မျော အတိုင်းမသိဝမ်းသာကြည်နူးတဲ့ပီတိဖြစ်မိ လူလောကကို ဘောင်ခတ်လို့ကြည့်
သူတို့လောက်ကောင်းတဲ့လူ လောကရှာကြည့်/လောကမှာမရှိ)၂

သူတို့လောက်ကောင်းတဲ့လူ လောကထဲရှာ အထင်အမြင်သေးသိမ်ခြင်း စောင့်ကြည့်နေပါ ဖျောက်မရ
သောကလည်းပူသလောက် ဘေးကပြောတဲ့လူနောက်ဆူဆန်ကန်လို့လန်သွားမယ့်လူကြောက်
မင်းရှင်းမင်းသတင်း ငါစောင့်မျှော်တဲ့အကြောင်းအရင်းပြီးကာကျရှုံး လေးဘက်ထောက်ကာလာဦး
လေတံခွန်လို လွင့်ကာဆက် ဦးနှောက်တွေပိုးတက် လေထဲက အငွေ့ရှိုက်လို့ ဟတ်ထိကာသေလျက်
နေဖို့ထက် သေဖို့ကခက် ဥာဏ်သုံးမရ ဒေါသတွေထွက်လျက် ဖက်တွယ် လူလောကအဆောင်အယောင်တွေ
မျက်ကွယ်မှာ ခန်းခြောက် ဒီလူတွေကကြာက် အခိုးအငွေ့လိုပျောက် တိမ်ဖုံးသလို ပျောက်ပျောက်ပြီးတော့
ဂေါက်ဂေါက် အခန်းတံခါးတွေခေါက် ကြောက်စရာ လောကမှာ မောက်မာ အရှုံးပေးလို့ထွက်ခွာ ပြင်ဆင်မရ
တွေးကြောက်တဲ့ပြဿနာ လေတံခွန်လိုလေမှာဝဲလွင့်မျောဖို့ရာ

(လေတံခွန်လိုပဲလွင့်မျော အတိုင်းမသိဝမ်းသာကြည်နူးတဲ့ပီတိဖြစ်မိ လူလောကကို ဘောင်ခတ်လို့ကြည့်
သူတို့လောက်ကောင်းတဲ့လူ လောကရှာကြည့်/လောကမှာမရှိ)၂

No comments:

Post a Comment