Sunday, April 20, 2014

Sun, Universe & Galaxy

Sun , Uniserver & Galaxy
ကျွန်တော် Post မရေးတာ နည်းနည်းကြာပြီလို့ထင်ပါတယ် ဒါကြောင့် ဒီနေ့ကျူရှင်မှာ Physics သင်ရင်းနဲ့ ဗဟုသုတနေနဲ့သိခဲ့ရတဲ့ နေ ၊ အာကာသ နဲ့ ဂလက်ဆီ အကြောင်းကို သိမျှပြန် share ပေးမယ်နော်
ကျွန်တော်တို့အသက်ရှင်သန်နေထိုင်ခြင်းရဲ့မရှိမဖြစ်လိုအပ်သော အဓိကစွမ်းအင်အရင်းအမြစ်တစ်ခုဖြစ်တဲ့ နေဟာ ညဘက်ကောင်းကင်မှာ မြင်ရတဲ့ ကြယ်တွေလိုပါပဲ ။ အင်မတန်ကြီးမားသောထိုနေကြီးဟာ ကြယ်များထဲမှာ မှ အလယ်အလတ် အရွယ်အစားရှိတဲ့ကြယ်ပါပဲ တဲ့။ ကျွန်တော်တို့နေထိုင်ရာကမ္ဘာမြေကြီးရှိတဲ့ Milkly Way Galaxy မြန်မာလို ဘယ်နေရာကြည့်ပြီး
ဘာသာပြန်လဲမသိ နဂါးငွေ့ တန်းဂလက်ဆီ ဟုခေါ်သော ဂလက်ဆီတွင် ကြယ်သန်းပေါင်းများစွာရှိသည့်အနက် ကျွန်တော်တို့နေသည်အလယ်အလတ်တန်းစား ကြယ်တစ်လုံးသာဖြစ်သည် ။ ကြယ်တစ်လုံးနေတစ်လုံးတွင် ထို ကြယ် သို့မဟုတ် ထိုနေကိုပတ်နေသော ဂြိုလ်များရှိသည် ထိုဂြိုလ်တစ်လုံးနဲ့တစ်လုံးသည် အလွန်ကွာဝေးသည်ဟုထင်ရသော်လည်း အမှန်တကယ် ကျွန်တော်နေထိုင်ရာ နဂါးငွေ့တန်း ဂလက်ဆီနှင့်ယှဉ်လျှင် အလွန်ပင်နီးကပ်လွန်းလှသည်။နဂါးငွေ့တန်း ဂလက်ဆီတွင် ထိုကဲ့သို့နေအစုအဝေး ကြယ်အစုအဝေးပေါင်း သန်းထောင်နှင့်ချီရှိပင်သည် စကြာဝဠာတွင်မူ ထိုသို့သော ဂလက်ဆီပေါင်း မရေနိုင်အောင်ပင်ရှိနေသည်
ကျွန်တော်တို့ညဘက်ကောင်းကင်တွင်မြင်ရသော ကြယ်များသည် ယခုလက်ရှိတွင်အမှန်တကယ်ရှိချင်မှပင် ရှိတော့ပေမည်။ ထိုကြယ်များသည်လွန်ခဲ့သောနှစ်သန်းပေါင်းထောင်ကျော်ခန်တုန်းက ရှိခဲ့ကြသည်ဖြစ်ရာ အချို့ကြယ်များမှာမူ   ပေါက်ကွဲပျက်စီးသွားပြီးဖြစ်သည်။ ထို့သို့ပေါက်ကွဲပျက်စီးသွားပြီးနောက် အာကာသတွင်းနက်ကြီးများအဖြစ်ကျန်ရှိနေခဲ့သည် ။ အာကာသတွင်းနက်များအကြောင်းနောက်မှတင်ပေး ပါတော့မည်။ကြယ်များတွင် အရောင်မျိုးစုံရှိပေသည် အဖြူရောင် အ၀ါရောင် အပြာရောင် အစိမ်းရောင် အနီရောင်စသည်ဖြင့်ပေါ့ အထူးသဖြင့်အနီရောင်သို့ပြောင်းသွားသော ကြယ်များသည် သိပ်မကြာမီပင်ပေါက်ကွဲ တော့မည်ဖြစ်သည် ။
နည်းနည်းရှည်သွားပြီနော် ဒါပေမဲ့ အဓိကအကြောင်းအရင်းမပြောရသေးဘူးနော် အဓိကအကြောင်းအရင်းတော့ အလင်းရဲ့သွားနှုန်းပါပဲအလင်းဘယ်လောက်မြန်လဲဆိုရင် ခန့်မှန်းခြေအရ တစ်စက္ကန့်ကို မိုင်ပေါင်း တစ်သိန်းရှစ်သောင်းခြောက်ထောင်ခန့် ( 186000 miles per seconds ) တစ်စက္ကန့်ကိုမိုင်ပေါင်းနှစ်သိန်းနီးပါး ပါပဲအသံကျတော့အလင်းလောက်မမြန်ဘူးဗျ အသံကခန့်မှန်းခြေအရ တစ်စက္ကန့်ကို ပေပေါင်း 1ထောင်ခန့်သာရှိပါတယ် အလင်းနဲ့ယှဉ်ရင်တော့အတော်နှေးတာပေါ့ ဒါပေမဲ့လူသားတွေအတွက်ကတော့ တစ်စက္ကန့်ကိုပေ 1ထောင်ဆိုတာနည်းတာမှဟုတ်တာ။ ကမ္ဘာမှာတော့ အသံထက် 16 ဆ မြန်သောလေယာဉ်ကိုထုတ်လုပ်နိုင်ခဲ့တာ ကြာခဲ့ပါပြီ ။ ဒါတွေကို IT ခေတ်လူငယ်တစ်ယောက်က ဗဟုသုတ အနေနဲ့သိထားသင့်တယ်လို့ထင်ပါတယ်။
အခုလိုပြန်လည်ဝေမျှပေးရတဲ့အတွက်ဝမ်းသာပါတယ် သိသင့်တာသိအောင် သင်ကြားပေးတဲ့ လမင်းသာကျူရှင်မှ Physics ဆရာဦးထွန်းထွန်းအား ဒီနေရာကနေ ကျေးဇူးတင်ကန်တော့ပါတယ်
ပြီးတော့ ကျွန်တော် Post တွေမတင်နိုင်ရင်လည်း ခွင့်လွှတ်ပါ အခုကျွန်တော်အတန်းကြီးလာပြီ 9တန်းရောက်လာပြီဖြစ်တဲ့ အတွက်ပညာရေးဘက်ကိုအာရုံစိုက်နေရတဲ့အတွက် သိပ်မလုပ်ဖြစ်တာပါ        အချိန်အကုန်ခံပြီးဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ကျွန်တော့်ကိုအားပေးတဲ့အနေနဲ့ Comment box မှာ မှတ်ချက်လေးပေးခဲ့ပါ ကျေးဇူးတင်ပါတယ် ပြီးတော့ကျွန်တော့်ကို Facebook မှခင်လိုတယ်ဆိုရင် အောက်ကလင့်ကနေ၀င်ပြီးအပ်ပေးပါ ဘယ်သူဖြစ်ဖြစ်လက်ခံပါတယ်။

create by : Thaw Zin

No comments:

Post a Comment