Sunday, April 6, 2014

ဆက်ရန်မရှိသူ - Soe Gyi, SZ & Bunny Phyo

ဟန်မဆောင်နဲ့တော့ မင်းနဲ့ငါ့ရဲ့ဟိုတုန်းကဇာတ်လမ်းလည်း အခုတော့အားလုံး အဆုံးသတ်သွားပြီ
ပြန်မလာပါနဲ့တော့ ဆက်ရန်မရှိဘူး ဆက်ရန်မရှိဘူး မင်းနဲ့ငါ့ရဲ့အတွေးအိပ်မက်တွေ ထပ်တူဖြစ်ဖို့
မျှော်မနေပါနဲ့တော့ ဆက်ရန်အချစ်တစ်ခု ငါမှာလက်ကျန်မရှိတော့ဘူး

ထားခဲ့လိုက်တော့ တော်ပြီနင် သွားသွားသွား ဖုန်းတွေလည်းမဆက်ပါနဲ့တော့ နားနားနား နားတွေညည်းတယ်
ငါဒီမှာတောင်းပန်ပါတယ် အမိရယ် အားတော့နာပါတယ် နင်မြန်မြန် မသွားသေးဘူးလားကွယ် ချစ်တယ်
ချစ်တယ်နဲ့စိတ်ထင်ရာလစ်ချင်တိုင်းလစ်တဲ့နင့်ရဲ့အကျင့်အရ အသစ်က အမြဲနံပါတ်တစ် နင်ဒီမှာ
မရိုးသားတာရှင်းတယ် မရတော့ဘူးနင့်ကိုတော်တော်လေးငါတင်းတယ် ကောင်မလေးရယ် ဘာဖြစ်လို့
ဘာလာလာကောင်းတဲ့ နင့်ရဲ့အကျင့်ကိုပြင်ဖို့ပြောတဲ့ ငါသာ အာညောင်းခဲ့ မဟောင်းတဲ့ငါ့အချစ်ကို
မငဲ့တွက်ပါ နင့်ကြောင့်ငါ့ရဲ့အပြုံးတွေကလည်း အသက်မဲ့လာ အအာ ရက်စက်တာ မဟုတ်ရပါ
အဲလိုမျိုးဖြစ်အောင် နင်ကိုယ်တိုင်ပဲလုပ်ခဲ့တာ ဟုတ်လား နင့်အပေါ်ငါယုတ်မာခဲ့ဖူးလား ငါသာ
တကယ်ကိုရူးသွား နင့်ဘက်ကတော့မထူးခြား အခုမှနင်ကဘာတွေလာကာယုယ မလိုပါဘူး ငါသိတယ်
ဒါဟာလူ့ဘ၀ သင်ခန်းစာ နင်ပေးတဲ့ သင်တန်းမှာ ငါတကယ်ကို သင်ယူတတ်မြောက်ပြီးပြီဆိုတာ မြင်စမ်းကွာ
အပြင်ပန်းမှာ တကယ်ကိုချစ်တဲ့ ဟန်ပန်ဖမ်း တကယ်တမ်းလက်တွေ့ကျတော့ နင်က ပိုက်ဆံကိုသာနမ်း
အရမ်းပဲ ဒါဆိုလည်းဒီမှာ ကိုယ့်ရဲ့လမ်းကိုလှမ်းပါမျက်ရည်လေးတွေစမ်းကာ ဒါကိုနားထောင်လိုက်စမ်းကွာ

ဟန်မဆောင်နဲ့တော့ မင်းနဲ့ငါ့ရဲ့ဟိုတုန်းကဇာတ်လမ်းလည်း အခုတော့အားလုံး အဆုံးသတ်သွားပြီ
ပြန်မလာပါနဲ့တော့ ဆက်ရန်မရှိဘူး ဆက်ရန်မရှိဘူး မင်းနဲ့ငါ့ရဲ့အတွေးအိပ်မက်တွေ ထပ်တူဖြစ်ဖို့
မျှော်မနေပါနဲ့တော့ ဆက်ရန်အချစ်တစ်ခု ငါမှာလက်ကျန်မရှိတော့ဘူး

လက်ကျန်အချစ်ကမရှိတော့ပါ တို့နှစ်ယောက်ဇာတ်လမ်း ဆက်ရန်မရှိတော့တာသိတော့ကွာ ငါ့ရဲ့မနက်ဖြန်
နင်မရှိတော့ပါ ထားခဲ့လိုက်တော့ သနားပါဦးငါ နားလည်းကိုက်တော့မယ် လိုက်လျောခဲ့တာတွေကလည်း
များပြီ ယုံကြည်နေတာအားလုံးလည်း နင့်ကြောင့်သွားပြီ မှားပြီဆိုတာ အခုမှသိနင့်အတွက် နင့်အတွက်နဲ့
ငါ့အတွက်ဘာရှိလဲ နားပါအမိရယ် အားတော့နာပါဦး ငါ့မှာ ခါးပါချိတယ် နင့်ကိုငါမုန်းတယ်
အားတင်းပြီးတော့ပြုံးလိုက် အခုနင်ရှုံးတယ် ဆုံးတယ် ဒီမှာ တို့နှစ်ယောက်ရဲ့ဇာတ်
အဆက်အသွယ်ဖြတ်လိုက်တော့ သေခန်းပြတ်

တော်ပြီနောက်တစ်ခေါက်တော့ မလာနဲ့တော့ ဘယ်လိုမှ ဆက်ရန်မဖြစ်ပါ ငါနဲ့တော့ နင်ပျော်တဲ့ အဝေးကို
အခုထွက်သွား With your man who can make rain on you ကဲ မဖြစ်နိုင်ဘူးကွဲခဲ့ပြီးခဲ့တဲ့အသည်း
ဆက်ရာတွေနဲ့ ငါမဆက်ချင်ဘူး နှိမ်ချက်တွေ Nine လောက်ရှိတယ် အကြင်နာအတုတွေ မလိုချင်တော့ဘူး

(ဟန်မဆောင်နဲ့တော့ မင်းနဲ့ငါ့ရဲ့ဟိုတုန်းကဇာတ်လမ်းလည်း အခုတော့အားလုံး အဆုံးသတ်သွားပြီ
ပြန်မလာပါနဲ့တော့ ဆက်ရန်မရှိဘူး ဆက်ရန်မရှိဘူး မင်းနဲ့ငါ့ရဲ့အတွေးအိပ်မက်တွေ ထပ်တူဖြစ်ဖို့
မျှော်မနေပါနဲ့တော့ ဆက်ရန်အချစ်တစ်ခု ငါမှာလက်ကျန်မရှိတော့ဘူး)၂

No comments:

Post a Comment