Sunday, April 6, 2014

အနက်ရောင်မျက်ရည်မိုး - Satan Feat Butterfly

လောက ကထုတ်တဲ့ အဖြေတွေအတိုင်း ဘ၀လေပြည်ရိုင်းတို့လည်း လူနှစ်ယောက်ကိုထပ်တူချ
အခြေအနေချင်းက နှိုင်းယူဖို့မလွယ် မင်းယုံခိုင်းလိုတဲ့ ငွေကြေးအရဂုဏ်ဒြပ်လှိုင်းတို့နဲ့
လူတစ်ယောက်ရဲ့ဂုဏ်သိက္ခာ အဆင့်အတန်း ဘယ်ပေတံတွေနဲ့တိုင်းမလို့လဲ ဘုရားရှင်ရှေ့
ဒူးထောက်ခစားကာ သစ္စာထားလေသည့် လမ်းတစ်ဝက်မှာနှုတ်ဆက် ဘ၀တစ်ပါး ငါပစ်ခွာသွားလေပြီ
လစ်ဟာသွားလေသည့် လူအတွက်နင်မေတ္တာထားနေမိ ကျခဲ့သမျှမျက်ရည်အတွက် ငါ့ဘ၀ငါ့အား
နင်ချစ်တာမှားလေ၏ငိုရှိုက်သံများစွာကြား အသက်ဝိဥာဉ်မဲ့ ငါ့ခန္ဓာအပါး ညမုန်တိုင်းထန်သမျှ
မင်းနှုတ်ခမ်းကပေးတဲ့ဒဏ်ရာများ အချိန်တွေတိုင်းအမှန်ကမှား လည်ပတ်ဆဲသံသရာကြား
ဆုံနေကြ၀ရန်တာအနားတစ်နေ့ကျငါအရောက်တော့ပြန်လာမှာ


ခါးသီးလွန်းတဲ့ သေခြင်းတရားကြွေကာမြေမှာကြေကွဲစရာ အာရုံမှာသေချာဝေခွဲမရ ဘယ်ဆီဘယ်မှာ
မသိတဲ့ငါ ရင်ခွင်ဆီပြန်လာခဲ့ပါကြိုဆိုနေမယ်မင်းအရောက်မှာကြိတ်မှိတ်လို့ ငါနေခဲ့တာ
ထိန်းထားတဲ့ မျက်ရည်တွေတောင် ခမ်းခြောက်လာ

မိုးကောင်းကင်အုံ့မှိုင်းအခု မုန်တိုင်းလိုရွာသောနှင်းစက်များကြယ်စင်တို့ကြွေကျ မြေခသက်တန့်ငယ်
ဆင်းးသက်လာချွေခဲ့တဲ့ပင့်သက်များ လေကိုခွင်းနင်းဖြတ်သွား ငါလိုလူမက်လောက်စရာဘာမှမရှိ
မင်းဘ၀မင်းပြန်စ ထားရာနေစေရာသွား အနက်ရောင်ပုလဲမျက်ရည် မြေမှာခ လက်တွဲဖူးတဲ့ နေရာများ
ရွက်ခြောက်တို့ပြန့်ကျဲကြွေကာကျ နှလုံးသားဝေဒနာတံခါး အရှုံးသမားအတွက် စိတ်ဖြေရာမရ အမုန်းတရား
ဇာတ်ဆရာစေရာ အပါး နေရာတကျမရှိတဲ့ အတိတ်ကခြေရာများ ငါဘယ်လိုဖန်တီးလို့မှမရတဲ့
နှလုံးသားချင်း နီးစပ်ဖို့အရေး အဆုံးသတ်ခွဲခွာဖို့ နှုတ်ဆက်ချိန်ကျ နာကြည်းချက်တို့ အပြည့်အပြီးသတ်ငိုကြွေး
ကာရန်စည်းချက်တို့အဝေး နောက်ဆုံးခွဲခွာခွင့်ပြုပါ ချသူ အနာဂတ်သို့ခရီူဆက်ဖို့နေ့

ပြေးထွက်သွားလို့သွားပြီ အဝေးဆုံးနင်ထွက်ခွာလို့ မင်းအပြုံးချိုမျက်နှာညှိုးကွဲအက်ခဲ့အသည်းကစို
မင်းအနားမှာမရှိတော့ပါစိတ်ဓါတ်တွေမြေသို့ခ ကြည်ကြွေချိန်ငါငိုနေတာတစ်ချိန်မှာ နင်ယုံကြည်ဖို့ပါ



No comments:

Post a Comment